မဘိမ်းမြို့နယ်၌ အကြမ်းဖက်သမားများနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဇွန် ၂ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ မဘိမ်းမြို့နယ်၊ အထက်ရမ်းဘိုရွာနားမှာ KIA/PDF အကြမ်းဖက်အဖွဲ့များနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ KIA/PDF ၆ ဦးသေဆုံးပြီး ၎င်းတို့ထံမှ M-22 သေနတ် ၁ လက်၊ အီနာဂါ ၁ လုံး၊ ကျည် ၅၀ တောင့်၊ ယူနီဖောင်း ၄ စုံနှင့် အိပ်ယာလိပ် ၁၀ စုံတိုအား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။