မတ်လ ၁၂ ရက် တိုက်ပွဲသတင်းများ

မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်

-တာဆိုင်း၊ မိုးမောက်၊ ကုန်းနှော၊ ရွှေညောင်ပင် နှင့်  ဖားကန့် တို့ရှိ နယ်မြေခံတပ်ရင်းများ၊ လုံခြုံရေးစခန်းများအား KIAနှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ)အဖွဲများမှ Drone များဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

ရှမ်း(တောင်)

ဆီဆိုင်မြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မွေတော်ဘုရားကုန်းအနီးသို့အရောက် နေရာ ၄ နေရာမှ KNDF/PNLO နှင့် PDF ပူးပေါင်းအင်အား ၈၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့်  တိုက်ပွဲဖြစ်ပွားခဲ့။

ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းရှိ PNO ထောက်ခံအားပေးသည့် နန့်ဟူး၊ ပန်းလျန်၊ ယုတ်ပေး ကျေးရွာများအား KNDF အဖွဲ့များ က မီးရှို့ဖျက်ဆီးလျက်ရှိပြီး တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်လို့ မီးလောင်ခြင်းဖြစ်ကြောင်း သတင်းအမှားများ ထုတ်ပြန်လျက်ရှိသော်လည်း PNLA နှင့် KNDF အဖွဲ့များ မီးရှို့သည်ကို မျက်မြင်တွေ့ရှိသည့် ကျေးရွာသားများက လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံအထောက်အထားများဖြင့် သတင်းများ ပြန်လည်ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ်မြေခံတပ်ရင်းနှင့် ထူးချောင်းပင်မကုန်းစခန်းနေရာများသို့ KNPP/KNDF နှင့် PDF အင်အား(စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့။

ဖားဆောင်းမြို့ မီးသတ်ရုံးသို့ KNPP/KNDFနှင့် PDF ၁၅ ဦးခန့်က ၁ ကြိမ်၊ နေရာ ၃ နေရာမှ အင်အား ၁၂၀ ဦးခန့်က ၁ ကြိမ်၊ Drone  ဖြင့် Drop Bomb ချ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

KNPP/KNDF ၂ လောင်း၊ အေကေ ကျည်အိမ် ၁ ခု၊ ကျည် ၂၅၈ တောင့် သိမ်းဆည်းရမိခဲ့။

လွိုင်ကော်အကျဉ်းထောင်သို့ နေရာ ၃ နေရာမှ KNPP/KNDFနှင့် PDF ၄၅ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ကရင်ပြည်နယ်

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်း ဘုရားကုန်းတစ်ဝိုက် လုံခြုံရေးဆောင်ရွက်စဉ် KNLA တပ်မဟာ(၆)၊ ရင်း(၂၈) နှင့် PDF ပူးပေါင်းအင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင်ရရှိသည့် ကြားဖြတ်သတင်းများအရ KNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူ ၇၀ ကျော်ခန့် သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာ ရရှိသွားကာ  အထိနာလျက်ရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်း

ထားဝယ်မြို့နယ် မေတ္တာစခန်းဝန်းကျင်တစ်ဝိုက် အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းစဉ် နေရာ ၈ နေရာမှ KNLA တပ်မဟာ ၆၊ ရင်း(၂၇) မှ အင်အား ၃၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရခိုင်ပြည်နယ်

ရသေ့တောင်မြို့ နယ်မြေခံတပ်ရင်းများ၊ လုံခြုံရေးစခန်းများသို့ AA သောင်းကျန်းသူ အင်အား(စိစစ်ဆဲ) အဖွဲ့မှ Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

စစ်ကိုင်းတိုင်း

ပင်လည်ဘူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် PDF ၃၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများဆုတ်ခွာထွက်ပြေးသွားခဲ့။

PDF ၃ လောင်း၊ အမ်(၂၁) ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၈၀ တောင့် သိမ်းဆည်းရမိခဲ့။