မတ္တရာမြို့နယ်တွင် အကြမ်းဖက်အုပ်စုများအား လေကြောင်းမှရှင်းလင်း

မတ္တရာမြို့နယ် အရှေ့ခြမ်းသို့ TNLA/PDF အကြမ်းဖက်အုပ်စုများ ဝင်ရောက်လာခြင်းကြောင့် တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းမှုများ နှစ်ရက်ဆက်တိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်မတော် (လေ)မှ ရှင်းလင်းနေမှုကြောင့် အကြမ်းဖက်သမားများ အထိနာလာသည့် အခြေအနေတွင် အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက အရပ်သားပြည်သူများကို ထိခိုက်မှုများ ရှိကြောင်း လုပ်ကြံဖန်တီးရေးသားမှုများကို တွေ့မြင်ရသည်။
လေ့လာသူတစ်ဦးက “မတ္တရာမြို့နယ် အရှေ့ခြမ်းကို ဝင်ရောက်လာတဲ့ TNLA/PDF ကို တပ်မတော်က လေကြောင်းကနေ ရှင်းနေတဲ့ ဒေသခံတွေ ရိုက်ကူးထားတဲ့ ရုပ်သံတွေလည်း ကြည့်ရပါတယ်။ ဒေသခံပြည်သူတွေက သူတို့ မြို့နယ်ထဲ အကြမ်းဖက်သမားတွေ ဝင်လာတာကို မလိုလားဘူး။ လေကြောင်းကနေ ရှင်းလင်းဆောင်ရွက်ပေးနေတာကို ဝမ်းပမ်းတသာ ကြိုဆိုကြတာကို အထင်အရှား မြင်ရပါတယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ သဘောသဘာဝ ကတော့ အကြမ်းဖက်အုပ်စုတွေ အရေးနိမ့်လာပြီဆိုရင် တပ်မတော်နဲ့ ပြည်သူကို ရန်တိုက်တဲ့ သဘာဝ ရှိပါတယ်။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ အဲဒီလို တိုက်ခိုက်မှုတွေအတွင်းမှာ အကြမ်းဖက်သမားတွေ ကျဆုံးသွားရင်လည်း အရပ်သားပြည်သူတွေ သေဆုံးပါတယ်လို့ လုပ်ကြံဖန်တီး ရေးသား ဖော်ပြကြမှာပဲ။ အကြမ်းဖက်သမားမှာ တရားဝင် အကြမ်းဖက်သမားပါဆိုတဲ့ အထောက်အထား အခိုင်အမာ ရှိတာမှ မဟုတ်တာ။ အခွင့်သာရင် လက်နက်ကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်မယ်။ အရေးနိမ့်လာရင် ပြည်သူလို့ အော်မယ်။” ဟု ပြောသည်။
ရှမ်းပြည်(မြောက်ပိုင်း)တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့များသည် စစ်မျက်နှာပေါင်းစုံမှ ဖြန့်ကျက် တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများကလည်း အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေကြသည့် ရှေ့တန်းစစ်မြေပြင်ရောက် တပ်မတော်သားများကို ထောက်ခံအားပေးမှုများ မြင့်တက်လာခဲ့ပြီး KIA, MNDAA, TNLA, AA, BPLA အကြမ်းဖက်အဖွဲ့များကို ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။