မတရားအသင်းဆိုသည်မှာ

မတရားအသင်း၏ အဓိပ္ပါယ်မှာ လူအများအား သောင်ကျန်းမှုများ ကျူးလွန်အောင် အားပေးခြင်း၊ ကူညီခြင်း၊ ကျူးလွန်ခြင်းများပြုလုပ်သည့် အသင်းအဖွဲ့အစည်း တစ်ခုခုကိုဆိုလိုခြင်းဖြစ်ပါတယ်။ မတရားအသင်း အဖွဲ့ဝင်အဖြစ် ပါဝင်မှု၊ အသင်းအစည်းအဝေးတွင် ပါဝင်ဆောင်ရွက်မှု၊ အသင်းအတွက် ဝင်ကြေးထည့်ဝင်ရယူ တောင်းခံမှု၊ အသင်း၏လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီမှုများ ဆောင်ရွက်လျှင် ထောင်ဒဏ် (၃) နှစ်ထိ ချမှတ်နိုင်ပါသည်။ မတရားအသင်းကို စီမံအုပ်ချုပ်သူ၊ စီမံအုပ်ချုပ်ခြင်းကိုကူညီသူ၊ အသင်းတစ်ခုခုအသင်းသားများအစည်းအဝေးကို ဆော်ဩကမကထ ပြုရာတွင် ကူညီသူအား ထောင်ဒဏ်(၅) နှစ်ထိ ချမှတ်နိုင်ပါတယ်။ ယခုကာလတွင် ပေါ်ပေါက်နေသော NUG/CRPH အဖွဲ့ကဲ့သို့ အဖွဲ့အစည်းကိုဆိုလိုရင်းဖြစ်ပြီး……ရှောင်ရှားနိုင်အောင်လို့ တင်ပေးရခြင်းဖြစ်ပါတယ်။