မင်္ဂလာရှိသော မနင်ခင်းလေးပါရှင့်

ကိုယ်ပိုင်တာ
ဘာမှမရှိတာ သေချာလို့
မာန်တက်ပြီးတော့ တရားမမေ့ပါနဲ့ ။

သုံးနိုင်လှ တစ်ခဏဖြစ်သလို
စားနိုင်လှတစ်တစ်ခဏလေးပါပဲ ။

စည်းစိမ်ဥစ္စာ
ပျက်စီးခြင်းဆိုတဲ့ဘေးကြုံလာရင်
ကိုယ့်မှာ သောကဖြစ်ရမယ် ။

ချစ်တဲ့သူတွေနဲ့ခွဲခွာရရင်
စိတ်မကောင်းစွာနဲ့ပူဆွေးရမယ် ။

ကိုယ်တိုင်က မကျန်းမာမှုဖြစ်ရင်
တုန်လှုပ်စွာနဲ့ နေကြရမယ် ။

အားကိုးရာမဟုတ်တာ တွေကို
အမှီပြုထားမိတဲ့အတွက်
ကိုယ့်မှာဒုက္ခ တွေ ရောက်ရပါတယ် ။

စွဲလန်းထားမှုဒုက္ခဟာ
ခင်မင်အဆင် ပြေ နေတုန်းမှာ

မသိသာ ပေမယ့် ခွဲရပျက်ကြပြီဆိုရင်
စိတ်ကိုပင်ပန်းစေတတ်ပါတယ် ။

ပျက်စီးရမယ် ခွဲခွာရမယ်ဆိုတဲ့
အမှန်တရားကို နှလုံးသွင်းထားမှ
ကြုံလာတဲ့အခါသက်သာရာရပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏