မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

သေရေးမှာ မခက်ပါစေနဲ့

ကောင်းတာတွေလုပ်ဖြစ်ဖို့အတွက်
ကောင်းမှုရဲ့အကျိုးရလာဒ်ကို
များများ စဥ်းပေးဖို့လိုသလို

မကောင်းတာတွေ စွန့်ဖို့အတွက်
အကုသိုလ်ရဲ့အပြစ်ကို
များများစဥ်းစားပေးဖို့လိုပါတယ် ။

အိုနာသေဆိုတဲ့
ကုန်ခမ်းပျက်စီးခြင်းတွေမ၀င်ခင်မှာ

ကိုယ့်ဘ၀ဟာ
လေ့ကျင့်ထားတဲ့အားကစားသမားလို
အသင့်ဖြစ်နေဖို့လိုပါတယ် ။

ကောင်းမှန်းသိလျက်နဲ့မလုပ်မိခဲ့ဘူးဆိုရင်
သေခါနီးမှာ နောင်တရတတ်ပါတယ် ။

မကောင်းမှန်းသိလျက်နဲ့ မစွန့်ခဲ့ရင်
ဒုက္ခတွေ့တဲ့အခါ နောင်တရတတ်ပါတယ် ။

တရားရှာဖို့ လိုသေးတယ်လို့
ကိုယ့်အရွယ်ကိုတွေးမထားစေချင်ဘူး ။

အချိန်မကျပဲ
ကြွေကျပျက်စီးတဲ့အသီးတွေရှိလို့
ကိုယ့်ဘ၀ကိုလည်း သတိထားပေးပါ ။

နေရေးမှာ ပေါ့ဆခဲ့တယ်ဆိုရင်
သေရေးမှာ လေးလံခက်ခဲနိုင်တာမို့
အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်ထားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏