မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

အဖော်ပြုပြီး အေးချမ်းစေပါ

ကိုယ့်ဘ၀ကိုယ်
အဖော်ပြုပြီးတော့ နေပေးပါ ။

အထီးကျန်တယ်လို့မြင်ပြီး
စိတ်မကောင်းဖြစ်တာလည်းကိုယ်ပါပဲ ။

ကိုယ့်စေတနာကို နားမလည်လို့
စိတ်မကောင်းဖြစ်ရတာလဲ ကိုယ်ပါပဲ ။

သူများအကြောင်းတွေတွေးပြီးတော့
စိတ်ပူမိနေတာလည်း ကိုယ်ပါပဲ ။

လွတ်ချင်တာလည်းကိုယ်ပဲဖြစ်သလို
ချည်မိနေတာလည်း ကိုယ်ပါပဲ ။

အလိုရှာတာလည်းကိုယ်ပဲဖြစ်သလို
အပိုရှာတာလည်း ကိုယ်ပါပဲ ။

ကိုယ်စိတ်မကောင်း နေဖြစ်တာကို
ဘယ်သူကများ နားလည်ပေးမလဲလို့
မျှော်တွေးပြီးတော့ ရှာမနေပါနဲ့ ။

ကိုယ့်စိတ်အညစ်ကြေးဒဏ်ရာဟာ
ကောင်းတဲ့စိတ်နဲ့ အစားထိုးပေးနိုင်မှ
အနာအပူတွေက ပျောက်နိုင်မှာပါ ။

ကိုယ့်ကိုယ်ကို အဖော်ပြုပြီး
အေးချမ်းအောင်နေတတ်မယ်ဆိုရင်
ကိုယ့်ဘ၀ဟာ အမြဲအဆင်ပြေပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏