မင်္ဂလာရှိသော နံနက်ခင်းလေးပါ

အိမ်မှာနေရင်း…

” ဒါန ” တွေပြုနေရင်မိမိတို့အိမ်ဟာ
အလှူပေးနေတဲ့ဌာနကြီးဖြစ်တယ်
ဒါနရဲ့အသံကိုနတ်ပြည် (၆) ထပ်က
ကြားရတယ်။

အိမ်မှာနေရင်း…

” သီလ ” တွေဆောက်တည်နေရင်
မိမိတို့အိမ်ဟာကျောင်းကန်ဘုရား
ဖြစ်တယ်
သီလရဲ့အသံကိုဗွဟ်မာ့ဘုံ (၂၀) က
ကြားရတယ်။

အိမ်မှာနေရင်း…

” ဘာဝနာ “တွေပွားများနေရင်
မိမိတို့အိမ်ဟာရိပ်သာတစ်ခုဖြစ်
တယ်
ဘာဝနာရဲ့အသံကိုနိဗ္ဗာန်အထိတိုင်
ကြားရတယ်။

သတိထားရမှာက…
မကောင်းမှုအကုသိုလ်တွေရဲ့
အသံကို

အစွန်းရောက်သွားပြီ ဆိုလျှင်
အသိဥာဏ်ကို အမှောင်ဖုံးပြီး
အမှန်နှင့် အမှားကို
ခွဲခြားနိုင်စွမ်း မရှိတော့ပါဘူး။

ငါ လုပ်တာသာ
အဟုတ်ထင်နေတဲ့ အတွက်
သူများ ဘာလုပ်လုပ် မဟုတ်ဘူးလို့
မြင်တော့တာပါပဲ။

ငါ ပြောတာသာ အမှန်ထင်နေတဲ့
အတွက်
သူများ ဘာပြောပြော မမှန်ဘူးလို့
မြင်တော့တာပါပဲ။

“အကျိုးကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်
အကြောင်းကို ကြည့်ရတယ် “

“အကြောင်းကို ကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်လည်း
အကျိုးကို ကြည့်ရပါတယ် “

“အကြောင်း အကျိုးကို
မညှိထားတဲ့ အသိဟာ
အကောင်း,အဆိုးကိုလည်း ခွဲခြား
ပြီး မသိနိုင်ပါဘူး “။

လူ့ဘဝက –
တခြား ဘဝတွေထက် သာတာဟာ
အဲဒီ အသိဥာဏ်တွေ ရှိလို့ပါ။

မြတ်စွာဘုရားကလည်း မှာခဲ့တယ်
မဟုတ်ပါလား
အကန်း ယုံကြည်တာမျိုးရမ်းသမ်း
ယုံကြည်တာမျိုးတွေမလုပ်ဖို့ကိုလေ

အသိဥာဏ်ပါတဲ့ ယုံကြည်မှုမျိုး
ကသာ
ကိုယ့်သန္တာန်မှာ ရေရှည် တည်မြဲ
တာပါ ။

အသိဥာဏ်နှင့် ယှဉ်တဲ့
ယုံကြည်မှုမျိုးကသာ ကိုယ့်အတွက်
ကောင်းကျိုးများစွာကိုဖြစ်စေမှာပါ ။