မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌼အကြောင်းကောင်းထားခဲ့ရင်🌼

မေတ္တာများတဲ့သူဟာ
ချစ်မယ့်သူတွေ ပေါများပါတယ် ။

စေတနာကောင်းတဲ့သူဟာ
လဲကျလည်း ထူမယ့်သူများပါတယ် ။

ကုသိုလ်များတဲ့သူဟာ
အဆင်မပြေလည်း ခဏလေးပါပဲ ။

ကိုယ်ချင်းစာစိတ်များသူဟာ
အပြစ်ရှိလည်းခွင့်လွှတ်သူများပါတယ် ။

စိတ်ကောင်းတွေများတဲ့သူဟာ
တိုက်ခိုက်ခံရလည်း ခဏလေးပါပဲ ။

အကောင်းမြင်တတ်တဲ့သူဟာ
အကုသိုလ်ဖြစ်ဖို့လည်း နည်းပါတယ် ။

အကောင်းအဆိုးကို နားလည်သူဟာ
လူကောင်းဖြစ်ဖို့ များပါတယ် ။

သတိမလွတ်တဲ့သူဟာ
ကုသိုလ်တရားရဖို့ သေချာပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏