မက်ဆီနဲ့ဆွာရက်ဇ်ဂိုးသွင်းခဲ့ပေမယ့် ရှုံးခဲ့တဲ့ အင်တာမိုင်ယာမီ

ခြေစမ်းပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ အင်တာ မိုင်ယာမီအသင်းကတော့ ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

မက်ဆီနဲ့ ဆွာရက်ဇ်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ရာသီကြိုခြေစမ်းပွဲ သုံးပွဲတွင် နိုင်ပွဲမရှိသေးဘဲ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးခဲ့ပြီး နောက်ဆုံး ၁၁ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁ ရက်တွင် အင်တာမိုင်ယာမီအသင်းဟာ စီရော်နယ်လ်ဒို၏ အယ်လ်နာဆာအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။