ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ ထူးချောင်းစခန်း၏ အနောက်မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၁၅ ရက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ ထူးချောင်းစခန်း၏ အနောက်မြောက်ဘက်တွင် အကြမ်းဖက်သမားများက
လက်နက်/ခဲယမ်းများ ရောင်းဝယ်နေကြောင်း အကြမ်းဖက်မှုမလိုလားသည့် ပြည်သူများ၏သတင်းပေးချက်အရ
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ နှစ်ထပ်အဆောက်အဦအတွင်း နေရာယူထားသည့် KNPP နှင့် အကြမ်းဖက်သမား ပူးပေါင်းအင်အား ၇ ဦးခန့်အား တွေ့ရှိ၍
စတင်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး
-အကြမ်းဖက်သမားအလောင်း ၁ လောင်း
-အမ် (၁၆) ကျည် ၂၀၀ တောင့် သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…