မတ်လ ၁ ရက်နေ့ တိုက်ပွဲသတင်းများ

မတ်လ ၁ ရက်။ 💥💥💥💥💥

(ဆမား)
မနက် ၈ နာရီခန့်နှင့် ည ၇ နာရီခန့်တို့တွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကချင်ပြည်နယ်ရှိ ဆမားစခန်းအား Drop Bomb ဖြင့် ၂ ကြိမ်လာရောက် တိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ရကြောင်းသိရှိရ။

ဖြစ်စဉ်တွင် DJI Drone ၁ စီး သိမ်းဆည်းရမိပြီး မိမိဘက်ထိခိုက်မှုမရှိ။

(စီခမ်းကြီး)
ညနေ ၆ နာရီခန့်တွင် ကချင်ပြည်နယ်၊ စီခမ်းကြီးမြို့နယ်၊ ပန်တိုင်းရွာအတွင်းတွင် နယ်မြေရှင်းလင်းနေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ KIA သကသ ၁၅ ဦးခန့်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး အနောက်ဘက်တောထဲသို့ ရန်သူဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။

ကျည်အိမ် ၃ ခု၊ ကျည် ၁၂၀ တောင့်၊ အီကွေးမန့် ၁ စုံ သိမ်းဆည်းရမိပြီး မိမိဘက်ထိခိုက်မှုမရှိ။

(ဖားဆောင်း)
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ သံလွင်တံတား(အနောက်ခြမ်း)ဂိတ်အား မနက် ၈ နာရီခန့်တွင် KNPP/KNDF သကသ အင်အား ၁၅၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ ညနေ ၆ နာရီခန့်တွင် KNPP/KNDF သကသ အင်အား ၁၂၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့်လာရောက် တိုက်ခိုက်ခဲ့သလို သံလွင်တံတား(အရှေ့ခြမ်း)ဂိတ်ကိုလည်း KNPP/KNDF ၅၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ ၇၀ ဦး ခန့်ဖြင့် တစ်ကြိမ်၊ (၂)ကြိမ်လာရောက်တိုက်ခိုက်သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရ။ အလားတူ နေ့လည် ၁၁ နာရီခန့်တွင် ရင်းဌာနချုပ်တစ်ခုအား သောင်းကျန်းသူများက အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရှိရ။

ရန်သူ့ထိခိုက်မှုမသိရှိရသေး၊ မိမိဘက်ထိခိုက်မှုမရှိ။

(ဆီဆိုင်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဆေးရုံအနီးတွင် နေ့လည် ၁၁ နာရီခန့်နှင့် ညနေ ၆ နာရီခန့်တို့တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KNDF/PNLA သကသ ၃၀ ဦးခန့်တို့ ၂ ကြိမ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူမှာ အနောက်ဘက်သို့ ဆုတ်ခွာသွားကြောင်း။ အလားတူ ည ၇ နာရီချိန်တွင်လည်း ဆီဆိုင်မြို့အနီးတွင် နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် KNDF/PNLA ၆၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရ။

ရန်သူ့ထိခိုက်မှုမသိရှိရသေး၊ မိမိဘက် စစ်သည် ၁ ဦး ဒဏ်ရာရ။

(မြောင်)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျီးကန်ရွာအနီးတွင် မနက် ၂ နာရီချိန်လောက်က နယ်မြေရှင်းလင်းစစ်ကြောင်းနှင့် အကြမ်းဖက် ၅ ဦးတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရှေ့မြောက်အရပ်သို့ အကြမ်းဖက် သမားများ ထွက်ပြေးသွားကြောင်း သိရှိရ။
အကြမ်းဖက် ၃ လောင်း၊ သေနတ်အရှည် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အများအပြားသိမ်းဆည်းရမိပြီး မိမိဘက်ထိခိုက်မှုမရှိ။ #Crd