ဘာပေနှင့် အသင်းတစ်သင်းတည်း ကစားရလို့ပျော်နေတဲ့ ဒမ်ဘီလီ

PSG အသင်း၏ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီက နာမည်ကျော်ပြင်သစ်တိုက်စစ်မှူး ဘာပေနှင့် အသင်းတစ်သင်းတည်း၌ ကစားရခြင်းကို အလွန်ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။

ဒမ်ဘီလီသည် ယခုတစ်ပတ် ပြင်သစ်လီဂူးပွဲတွင် PSG အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အင်တာဗျူးအစီအစဉ်တစ်ခု၌ ဘာပေနှင့် ပတ်သက်၍မေးမြန်းမှုကို ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင်  ဒမ်ဘီလီက မိမိတို့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါက PSG အသင်းအနေဖြင့် ယခုရာသီတွင် ဆုဖလားများစွာ ရယူနိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

crd;eleven