ဘဝအမောပြေစေလို…

မြင့်မြတ်ရဲ့ ၂၀၁၈ထွက်ရုံတင်ဟာသကားသစ်ကြီးဖြစ်ပါတယ်။ အပြင်ဝန်ထမ်းမခန့်ဘဲ မိသားစုတွေချည်းပဲဦးစီးလုပ်ကိုင်နေတဲ့ ဘူဇွာဟိုတယ်လေးမှာ မြင့်မြတ်ကတော့ စတုတ္ထသား ဟိုတယ်မန်နေဂျာပါ။ မန်နေဂျာဆိုတော့လည်း ဖြစ်သမျှပြဿနာ သူပဲခေါင်းခံပြီးရှင်းရတော့တာပေါ့။ ဟိုတယ်လေးမှာလည်း တစ်နေ့တစ်နေ့ ပြဿနာတွေက မရိုးနိုင်ပါဘူး။