ဘင်္ဂလားဒေ့ရှ်အမတ် ဘာလား?


ပြီးခဲ့သည့် ရက်များအတွင်း နှစ်နိုင်ငံနယ်စပ်
အနီးဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများအတွင်း ဒဏ်ရာရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် AA အဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာန်တောရ်ဘောင်ခရိုင်၊ အာလီကော်တောင်မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ် ဒိုင်းနက်လူမျိုး ဘိရ်ဘာဒူရ် (ခေါ်) ရွှေစိန် ကူညီပေးနေ
တယ်လို့ ၎င်းနှင့် နီးစပ်သူထံမှ သိရှိရသည်။

ယင်းပုဂ္ဂိုလ်ပြောကြားချက်အရ နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် AA တပ်မဟာဌာနချုပ်နှင့် တပ်ရင်းများအခြေ
ချနေထိုင်နိုင်ရေး ဘင်္ဂလားအစိုးရကြားညှိနှိင်းပေးခဲ့သူမှာ အဆိုပါအမတ်ဖြစ်ကြောင်းနှင့် ဒဏ်ရာရပြီး နယ်စပ်ခြံစည်းရိုးမှ
တဆင့် ထွက်ပြေးသွားသည့် AA အဖွဲ့ဝင်
၈၀ ကျော်အား နီးစပ်ရာ ဒုက္ခသည်စခန်းနှင့် ဆေးရုံများတွင် ဆေးဝါးကုသနိုင်ရေးအတွက်လည်း လိုက်ပါလုပ်ဆောင်ပေးနေသူဖြစ်ကြောင်း သိရှိရသည်။

၎င်းမှ AA စခန်းတွေလာမတည်သေးခင်ကတည်းက စစ်တကောင်းတောင်တန်း ဒေသဝန်ကြီးနဲ့ညှိပေးဖို့ လိုက်လုပ်ပေးနေတာလည်း အဲ့ဒီအမတ်ပဲ၊ သူတို့ကြားညှိ
ထားတာက မောင်တောနဲ့ ဘူးသီးတောင်အနိုင်တိုက်ပြီးရင် ဘင်္ဂလားဘက်ပြေးလာတဲ့ ဘင်္ဂါလီတွေပြန်ခေါ်ပေးမယ်၊ ဒီလိုတိုက်နိုင်ဖို့လည်း နယ်စပ်မှာ အကူညီပေးဖို့ ပြော
ထားတယ်၊ အဓိကတိုက်ပွဲကြီးတွေမှာ AA အပြင် ARSA/ RSO တို့ပါ သူတို့ဘက်က ဝိုင်းတိုက်ပေးဖို့ အချင်းချင်းညှိထားတယ်၊
ကျနော်သိရသလောက်ကတော့ အခုမောင်တောဘက်မှာ အစိုးရစစ်တပ်က လက်နက်
ကိုင်တစ်သောင်းကျော်အင်အားတိုးပြီး ဝင်လာတာကြောင့် မောင်တောမြောက်ပိုင်းမှာရှိတဲ့ AA တပ်ရင်း ၃ ရင်းအပြင် အခြားလက်
နက်ကိုင်အဖွဲ့တွေပါ နယ်စပ်ကနေ မောင်တောကို သွားဖို့ပြင်နေတယ်လို့ သိရတယ်၊ AA အဖွဲ့တွေ ရိက္ခာရဖို့လည်း ဒုက္ခသည်စခန်းတာဝန်ခံတွေကို အဲ့ဒီအမတ်က ညှိပေးထားတယ်လို သိရတယ်ဟု ပြောသည်။

AA အဖွဲ့အနေဖြင့် ရခိုင်လူမျိုးကောင်းစား
ရေးအတွက်ဟုဆိုကာ ပြောဆိုလုပ်ကိုင်နေသော်လည်း မြေပြင်မှာတော့ ဘူးသီးတောင်၊ မောင်တောတွင် Bingarleiii များ အကုန်ဝင်ရောက်နိုင်ရေးအတွက် မိမိတို့
ရခိုင်လူမျိုးကို အစဉ်ဒုက္ခပေးနေသည့် AR
SA/RSO အဖွဲ့များနှင့်ပူးပေါင်းလုပ်ဆောင်
လျက်ရှိနေတယ်လို့ မြေပြင်အထောက်
အထားများအရ သိရှိရသည်။

crd***MinChitOo