ဖေဖော်ဝါရီလ ၄ ရက်နေ့မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၃ ရက် ၁၂၀၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာတစ်ဝိုက် ခိုအောင်း လျက်ရှိသည့် PDF အကြမ်းဖက်မှ အင်အား ၃၀ ဦးခန့်သည် ပြောက်ကျားဝတ်/လက်နက်ငယ်ကိုယ်စီဖြင့် သဲချောင်းကြီးကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ၎င်းကျေးရွာနေ ဦးထွန်းထွန်း(၄၀)နှစ်၊ ဥယျာခြံလုပ်ကိုင်သူအား ဖမ်းဆီးရမိခဲ့။

-ဖေဖော်ဝါရီလ ၃ ရက် ၁၃၀၀ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ရွှေအင်ပင်ကျေးရွာနေ ဦးဆန်းဝင်း(၅၅)နှစ် တောင်သူ လုပ်ကိုင်သူသည် တစ်ဦးတည်းဆိုင်ကယ် ၁ စီးဖြင့် ၎င်း၏နေအိမ်မှတောင်တွင်းကြီးမြို့သို့ ဈေးဝယ်ရန်သွားရောက်ခဲ့ပြီးပြန်လာစဉ်ရွှေအင်ပင်ကျေးရွာအဝင်လမ်းသို့ အရောက်၌ အကြမ်းဖက် PDF ကျား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှ လိုက်ပါလာပြီးပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဆန်းဝင်းတွင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၃ ရက် ၁၃၀၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ကျင်းသာကျေးရွာ၌ အကြမ်းဖက်သမား PDF များ မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒေါ်ချိုချိုမာ(၄၅)နှစ်၊ ကျင်းသာ(အမက)မူပြ၊ ကျင်းသာကျေးရွာ၊ ငါန်းဇွန်မြို့နယ်နေသူတွင် ဝဲဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(သေဆုံး)၊ ဦးကျော်စိုးမိုး(၃၁)နှစ်၊ ပန်းရံ၊ လက်ပံကားယားကျေးရွာ၊ ငါန်းဇွန်မြို့နယ်နေသူတွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့်နေရာ တွင် သေဆုံးခဲ့။

-ဖေဖော်ဝါရီလ ၃ ရက် ၂၀၃၀ နာရီတွင် ကဝမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ တမံကြီးကျေးရွာနေ ကိုလွင်(၄၂)နှစ် သည် သပြုကျေးရွာနေ ကွမ်းယာရောင်းသည့် ဦးအေးဝင်း(၅၅)နှစ်၏ နေအိမ်ရှေ့၌ ထိုင်နေစဉ် အကြမ်းဖက်သမား အမျိုးသား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့ရာ ကိုလွင်တွင် ဝဲရင်အုံ၊ ယာပါးအောက်၊ လည်ပင်း၊ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့။