ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရခိုင်တိုက်ပွဲသတင်း

၁၇-၂-၂၀၂၄

(ရသေ့တောင်မြို့နယ်)

ယနေ့ညနေပိုင်း ၅ နာရီခွဲခန့်က ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းဖြစ်သည့် ၅၃၆ တပ်ရင်း မြောက်ဘက်တောင်ကုန်းသို့ ထပ်မံချဉ်းကပ်လာသည့် AA အကြမ်းဖက်အဖွဲ့ဝင်များအား နယ်မြေခံတပ်စစ်ကြောင်းမှ လိုက်လံရှင်းလင်း တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ/လက်နက်ကြီး ပစ်ကူများဖြင့်ပါ ပစ်ခတ်ချေမှုန်းခဲ့သောကြောင့် AA အကြမ်းဖက်အဖွဲ့ဝင်များအား အဆိုပါနေရာမှ ထပ်မံ၍ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။

(မင်းပြားမြို့)

ယနေ့နံနက်ပိုင်းက တတက ၉(ကမ်းနီ)လေ့ကျင့်ရေးကျောင်းအနီးရှိ ရင်ကွဲတောင်နား မိုင်းထောင်ရန်လာသည့် AA အကြမ်းဖက်အဖွဲ့ဝင် နှစ်ဦး မိုင်းထောင်နေစဉ် ပေါက်ကွဲသေဆုံးခဲ့သဖြင့် AA အကြမ်းဖက်အဖွဲ့ဝင် အလောင်း ၃ လောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် လက်နက် ၃ လက်ရရှိခဲ့ကြောင်း သိရှိရ။

(ရမ်းဗြဲမြို့နယ်)

ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရမ်းဗြဲပြည်သူဆေးရုံအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးများ ပျက်ဆီးခဲ့ကြောင်း သိရှိရ။

(ဘူးသီးတောင်မြို့နယ်)

ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်ရင်း ၅၆၄ သို့ AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခဲ့တိုက်ခိုက်ခဲ့သောကြောင့် နယ်မြေခံတပ်များမှ ၎င်းတို့ပစ်ခတ်ခဲ့သည့်နေရာအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ချေမှုန်း ခဲ့ကြောင်း သိရှိရ။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား PDF အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့် အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီး နေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။ #Crd