ဖလူမီးနီးစ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့တော့မယ် သီယာဂိုဆေးလ်ဗား

ချယ်လ်ဆီးအသင်း၏ ဘရာဇီးလ်၀ါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား (၃၉ နှစ်) သည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းမှထွက်ခွာပြီး ၎င်း၏ငယ်ဘ၀ကလပ်အသင်းဖြစ်သည့် ဘရာဇီးလ်ကလပ် ဖလူမီးနီးစ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့မည်ဖြစ်ကြောင်းအတည်ပြုကြေညာခဲ့သည်။

သီယာဂိုဆေးလ်ဗားသည် အသက် (၂၅)နှစ်အရွယ် ၂၀၀၉ ခုနှစ်တွင် အေစီမီလန်အသင်းသို့ပြောင်းရွှေ့ကာ ဥရောပဘောလုံးရပ်၀န်းဆီ စတင်ခြေချခဲ့ပြီး PSG၊ ချယ်လ်ဆီးအသင်းများနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်သည်။

Photo: BR Sports