ဖယ်ခုံမြို့နယ်တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးတယ်ဟု Khit Thit မှ သတင်းအမှားရေး


ဇွန်လ ၁၁ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းတိုက်ပွဲ၌လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၁၁ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းတိုက်ပွဲ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်ရေးသားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်၍ ပုံကြီးချဲ့ရေးသားထားခြင်းဖြစ်ပါတယ်။

FACT-CHECK