ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

(၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိင်နှင့် အဖွဲဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထိုနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပထမရရှိသောအသင်းအား တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသည့်အသင်းတိုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက တံခွန်စိုက်ဒိုင်းဆု၊ ဆင့်ပွားဒိုင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ (၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် နိုဝင်ဘာ ၁၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။