ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၂၈ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၃ ဦး၊ အရိုးရောဂါ ၁၂၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁၀၆ ဦးနှင့် သွားရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၈ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်လူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၈ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါအားဖြည့်ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည့် ဒေသခံပြည်သူ ၁၂၀ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။