ပြည်တွင်းသို့ ဝင်ရောက်လာသူများ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ မဖြစ်မနေ ဝယ်ရမည်

ပြည်ပနိုင်ငံများမှ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံကို မဖြစ်မနေ ဝယ်ယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ကျန်းမာရေးအာမခံ ဝယ်ယူထားသော အထောက်အထားများကို သက်ဆိုင်ရာ ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံ ဝယ်ယူထားသည့် အထောက်အထား မပြနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံကို မဖြစ်မနေဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။