ပေါင်မြိုနယ်အနီး ရထားလမ်းအား အကြမ်းဖက် KNU/PDF များမှ မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ လ ၁၀ ရက်နေ့ ည ၇ နာရီချိန်ခန့် ပေါင်မြိုနယ် ရွာတန်းရှည်ကျေးရွာ ဘူတာ အနီး ရန်ကုန် မှ မော်လမြိုင်သို့ ကျောက်များတင်ဆောင်ရန်လာသောရထားအား အကြမ်းဖက် KNU/PDF များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသောရထားသည် ရန်ကုန် မှ မော်လမြိုင် သို မောင်းနှင်လာပြီး ပေါင်မြိုနယ် ရွာတန်းရှည်ကျေးရွာဘူတာ အနီး မိုင်တိုင်အမှတ် ၄၆၈..၂၁ / ၂၄ ဖာလုံအကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
အကြမ်းဖက် KNU/PDF များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရထားသံလမ်း ၅ ပေခန့်ပြတ်ပြီး ရထား ၄ တွဲ တွဲချော်သွားပြီး ယာယီရထားလမ်းပိတ်၍ အများပြည်သူမိဘများ အဆင်ပြေသွားလာမှုချောမွေ့စေရန် တာဝန်ရှိသူများမှ ရထားလမ်းအမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး
ဇန်နဝါရီ လ ၁၁ ရက် မနက် ၈ နာရီကျော်ချိန်ခန့် ရထားလမ်းပြုပြင်ပြီး ဆက်လက်အသုံးပြုသွားလာနေကြောင်း သတင်းရရှိပါသည်။