ပုလော PDF အချင်းချင်းကြားက သတ်ဖြတ်မှု

ပုလော PRDF ပင်လယ်လူ ၄၀နှစ်ကို မိကျောင်းပဒက်စစ်ကြောင်းက ဇန်နဝါရီ ၈ ရက်မှာ ဖမ်းဆီးခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့​သည်။

PRDFမှ နုတ်ထွက်ခဲ့သည်မှာ ၉ လကျော်ရှိပြီး မိကျောင်းစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်​သည်။ မိန်းမမီးဖွားမည့်ကိစ္စဖြင့် မိကျောင်းစစ်ကြောင်းထံ ခွင့်တစ်လယူပြီး ဗိုက်ခွဲကလေးမွေးထားရသဖြင့် ခွင့်နှစ်လကျော်ကြာသွားခဲ့ပြီးနောက်ဇန်နဝါရီ၈ရက်ညပိုင်း မိကျောင်းစစ်ကြောင်း PDF ဝိုင်လူးနဲ့ ရှစ်ဦးနှင့် ရွာခံသုံးဦးတို့က PDF ပင်လယ်လူကို လာရောက်ဖမ်းဆီးသွား​ပြီး ၉ ရက် မနက်၁၁နာရီမှာ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။