ပုတီးအလုံးရေ ၁၀၈ လုံး ထားရခြင်းအကြောင်း

ပုတီးအလုံးရေ ၁၀၈ လုံး ထားရခြင်းအကြောင်း
ရှေးက ချည်ကြိုးများကို အထုံးပြုလုပ်ကြပြီး ဖုထုံး ၃ ခုသာရှိသည့် ၃ လုံးပုတီးဖြစ်သည်။
ရတနာမြတ် ၃ ပါးအား ( ဝါ ) အနိစ္စ ဒုက္ခ အနတ္တ စသော လက္ခဏါရေး ၃ ပါးအား ရည်စူးကြသည်။
နောင်တွင် အကြောင်းအမျိုးမျိုးအရ အလုံးရေ တိုးလာပါသည်။
၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံးစသဖြင့် တိုးလာခဲ့သည်။
ခုဒ္ဒက နိပါတ် အဌကထာ တွင် ( ဆပညာသ ဗုဒ္ဓဂုဏံ အဌဝီသတိ ဓမ္မဂုဏံ စတုသတိ သံဃဂုဏံ က္ကဒံ ဓမ္မဿ လက္ခဏံ ) ဟု
ပုတီး ၏ လက္ခဏါ ကို မိန့်မှာချက်အရ ဤသို့ အလုံးရေ ကွဲပြားလာခဲ့သည်။
ဗောဇ္စျင် ခုနှစ်ပါး ရည်စူးကာ ၇ လုံး
ကိုးနဝင်း ရည်စူးကာ ၉ လုံး
သုံးဆယ့်နှစ် ​ကောဌာသ ရည်စူးကာ ၃၂ လုံး
ဘုရားဝါတော် လေးဆယ့်ငါး ရည်စူးကာ ၄၅ လုံး စသဖြင့် တိုးလာပါသည်။
သို့သော် အသုံးအများဆုံးဖြစ်သည့် ၁၀၈ လုံး ထားရှိရခြင်းနှင့် ပတ်သက်၍ တင်ပြရသော်
ဘုရားဂုဏ်တော် ၅၆ ပါး
တရားဂုဏ်တော် ၂၈ ပါး
သံဃဂုဏ်တော် ၂၄ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။
တနည်း
ဘုရားဂုဏ်တော် ၄၈ ပါး
တရားဂုဏ်တော် ၃၈ ပါး
သံဃဂုဏ်တော် ၂၂ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။
လောကီနည်းအရ
ဂြိုဟ်သက် ၁၀၈ လုံးအရ လည်းကောင်း။
သတ္တမိဿ နက္ခတ် ၁၀၈ လုံးအရ လည်းကောင်း။
တြင်းကြေ နဝင်းကြေ ဖြစ်ရန် ၁၀၈ လုံး အရလည်းကောင်း။
ဂါထာမန္တန်များကို ၇ အုပ်မှ ၁၀၀၀၀၀ အတွင်း စိပ်ခြင်း စုပ်ခြင်း ပြုရန် အလုံးအလီကိုက် ၁၀၈ လုံး ထားရှိခြင်း။
ဘုရားစက်လက္ခဏါ ၁၀၈ ပါးအတွက် ၁၀၈ လံား ထားရှိခြင်း စသဖြင့် မိမိပူဇော်ရာ
သန္တန်အလိုက် ၁၀၈ လုံးသည် တွင်ကျယ်လာခဲ့ပါသည်။
ရှေးသူတော်စင် ပညာရှင်များ ယူဆပုံမှာ
” လောကီအင်္ဂုတ္ထိုလ်မန္တန်ကျမ်း ” တွင် ဆူးခါးဆရာတော်ကြီးက အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။
နရဝရ ဖြစ်တော်မူသော မြတ်ဘုရား သာသနာကို ကြည်ညိုလေးမြတ်သော
သူတော်ကောင်းတို့သည် သာမထ ဝိပဿနာ ဘာဝနာ နှစ်ပါးကိစ္စ ပြီးဖွယ်အကြောင်းဖြစ်သည်ဟု
နှလုံးသွင်းကာ တစ်ရာ့ရှစ်လုံး ပြုလုပ်ရာဝယ်
{{ ဗုဒ်ဓဂုဏဉ်စ ဆပညာသံ။ ဓမ်မဂုဏဉ်စ
အဌတိသံ။ သံဃဂုဏဉစွ စုဒဒွသံ။
ကတွာ သုခံ ဇလံ လာဘတိ }}
ဟူ၍ သာမညဂါထာပြုကာ ဘုရားဂုဏ်တော် ၅၆ ။ တရားဂုဏ်တော် ၃၈ ။ သံဃဂုဏ်တော် ၁၄ ။
စုစုပေါင်း ၁၀၈ ရသောသင်္ကေတစကားသည် ပါဌိအဌကထာဋီကာများတွင်
တိုက်ရိုက်မလာငြား နေယျတ္တ ထောက်ဆဆင်ခြင်က အဆင့်ဆင့်ပင် ဖြစ်သင့်သည်ဟု ဖွင့်ပြပါသည်။
ပုတီးသည် ဗြဟ္မဏာ အစဉ်လာဖြစ်သော်လည်း
ကောင်းသောစိတ်ရှေးရှုသည့် အမှတ်သင်္ကေတလက္ခဏါ ရေတွက်မှတ်ယူခြင်းဖြစ်ရာ
ယနေ့ ဗုဒ္ဓဘာသာဝင်တို့ လက်စွဲပြုစရာ ဓမ္မသင်္ကေတအဖြစ် ရှိနေပါသည်။
ထိုထိုသော အကြောင်းတရားတို့ကို အသိတိုးအံ့စေခြင်းငှါ တင်ပြလိုက်ရပါသည်။