ပုဂံမှာဘုရားဖူးပြည်သူများဖြင့်စည်ကားနေ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ခရီးသွားဧည့်သည် ရှစ်သောင်းကျော်လာရောက်လည်ပတ်မှုရှိတယ်လို့သိရပါတယ်။ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ လောကနန္ဒာဘုရား၊ ဗူးဘုရားနှင့် မဟာငှက်ပစ်တောင်ဘုရားတို့ကို နံနက် ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။