နေပြည်တော်သင်္ကြန်တွင်ပါဝင်ဆင်နွှဲ ကြမည့် ကိုရီးယားအနုပညာရှင်များ ရန်ကုန်မြို့ သို့ ရောက်ရှိ

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေး မှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန် တွင် ပါဝင်ဆင်နွှဲ ကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့ သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သို့ ရောက်ရှိလာကြောင်း သိရသည်။