နိုဝင်ဘာ ၈ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၇ ရက် ၀၉၃၀ နာရီတွင် မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာအနီး၊ မန္တလေး – မိုးကုတ်သွား ကားလမ်းဘေး၌ အကြမ်းဖက် PDF များ၏သတ်ဖြတ်မှုကြောင့် (စိစစ်ဆဲ) ကျား ၁ ဦးတွင် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ။

-နိုဝင်ဘာ ၇ ရက် ၀၇၂၀ နာရီတွင် မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာသို့ အကြမ်းဖက် ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာပြီး လက်နက်ငယ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကျေးရွာအတွင်း နေထိုင်သော ဦးစိုးမြင့် (၅၂)နှစ်တွင် ယာမျက်ခုံး၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးမျိုးဝင်း(၄၂)နှစ်တွင် ရင်အုံ၊ ဝဲချိုင်းအောက် ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၇ ရက် ၂၁၃၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာနေ ဦးလွမ်းဝေ(ခ)စိုးဝင်းထွန်း(၄၃)နှစ်သည် မရမ်းချောင်ကျေးရွာမှ စွပ္ပနူးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် စွပ္ပနူးကျေးရွာအနီး၊ ရထားသံလမ်းထိပ် အရောက်၌ (စိစစ်ဆဲ) ကျား ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်ဖြင့် စွပ္ပနူးကျေးရွာဘက်သို့ ထွက်ပြေး သွားခဲ့ရာ ဦးလွမ်းဝေ(ခ)ကိုစိုးဝင်းထွန်းတွင် ဂုတ်ပိုး၊ ယာလက်ဖျံ၊ ဝဲပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၇ ရက် ၁၁၅၀ နာရီတွင် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)သည် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စစ်တောင်းစက္ကူစက်ရုံ၏ အနောက်မြောက်ဘက်မှ ပတ္တမြား ရပ်ကွက်ရှိ သိမ်ဇရပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ၆၀ မမဖြင့် ၂ ချက် ပစ်ခတ်ခဲ့ရာ ဗုံးသီးများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အမိုးပေါ်သို့ ကျရောက်ပေါက်ခဲ့သဖြင့် အမိုးသွပ်၊ မျက်နှာကြက်၊ တံခါးမှန်၊ ရေ/မီးလိုင်းများ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-နိုဝင်ဘာ ၇ ရက် ၁၀၀၀ နာရီတွင် ကလေးဝမြို့နယ်၊ မန်လုံကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့် ရောက်ရှိလာပြီး ၎င်းကျေးရွာနေသူများဖြစ်သော ဦးသန်းမောင်(၆၀)နှစ်၊  ဦးသောင်းထွဋ်တင်(၄၂)နှစ်၊ ဦးချစ်ဦး(၅၄)နှစ်၊ ဦးလှမျိုး(၃၄)နှစ်၊ ဦးသန်းပိုင်(၃၉)နှစ်၊ ဒေါ်ငြိမ်းငြိမ်းစိုး (၃၇)နှစ်(မူပြ၊ အမက-မန်လုံ)နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမင်းမင်း(အသက်စိစစ်ဆဲ)၊ ဒေါ်သူဇာဦး(၂၃)နှစ် (လ/ထမူပြ၊ အမက-မန်လုံ)၊ ဒေါ်နှင်းဝေလှိုင်(၂၇)နှစ်(လ/ထမူပြ၊ အမက-မန်လုံ)၊ ဒေါ်မိုးမိုးမြင့်ခိုင်(၂၂)နှစ် (လ/ထမူပြ၊ အမက-မန်လုံ)တို့ ၁၀ ဦးအား ဂဇက်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။