နိုဝင်ဘာ ၂၁ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၀ ရက် ၂၀၁၅ နာရီတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ ဒေါ်အီကောလ(၃၇)နှစ်သည် လွယ်စီတုံ ကျေးရွာနေ သူငယ်ချင်းဖြစ်သူ မအေးအေးသန်း အိမ်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မြို့ရှောင်လမ်း အရောက်၌ အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဒေါ်အီကောလတွင် ဝဲလက်မောင်း၊ ဝဲတံတောင်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)  ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၀ ရက် ၁၀၀၀ နာရီတွင် သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာနေ ဦးတင်ဇော်(၄၅)နှစ်၏ နေအိမ်သို့ အကြမ်းဖက်သမား ကျား ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးတင်ဇော်အား ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာထိပ်အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးတင်ဇော်တွင် ယာနားထင်၊ ယာပါး ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၀ ရက် ၀၉၀၀ နာရီတွင် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာတွင် နေထိုင်သော ဦးငွေစိုး (၆၉)နှစ်အား အကြမ်းဖက်သမားများမှ သတ်ဖြတ်သွားခဲ့ရာ မျက်ကွင်း၊ နဖူး ဖူးရောင်၊ ယာနား သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၀၄၀ နာရီတွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဈေးရပ်ကွက်၊ ရန်ကုန် – ပြည်လမ်းဘေးရှိ သုံးဆယ်နယ်မြေရဲစခန်းဝန်းသို့ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသော ဟိုက်ဂျက်(အဖြူရောင်) ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ပစ္စတိုဖြင့် ၅ ချက်ခန့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ပစ်ခတ် မှုကြောင့် ရဲစခန်းဂိတ်ပေါက်ဝနှင့် အုတ်နံရံသို့ ကျည် ၂ ချက် ထိမှန်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရ။