နိုဝင်ဘာ ၁၃ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁၂ ရက် ၁၆၅၅ နာရီတွင် ပခုက္ကူမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ ဘုန်းကံကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့၏ Drone ယာဉ် ၁ စင်း ပျံသန်းရောက်ရှိလာပြီး Drop ဗုံး ၂ လုံး ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗုံးသီးများမှာ မြေသားလမ်းမပေါ်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အနောက်ဘုန်းကံကျေးရွာနေ ဒေါ်ဌေးမြင့် (၅၀)နှစ်တွင် ဝဲဒူး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးဝေလင်း(၃၅)နှစ်တွင် ဝဲလက်ဖျံပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၂ ရက် ၁၂၀၀ နာရီတွင် ဖြူးမြို့နယ်၊ ပျဉ်းမပင်ကျေးရွာနေ ဦးမောင်မြင့်(၆၄)နှစ်သည် စျေးဝယ်ရန် ပဲနွယ်ကုန်း မြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ – ကျောက်ကြီးကားလမ်း မိုင်တိုင် အမှတ်၊ ၁/၄ နှင့် ၁/၅ ကြား အရောက်၌ လမ်း၏ယာဘက်ခြမ်းမှ မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးမောင်မြင့်တွင် နောက်ကျော၊ ဝဲလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။