နိုင်ငံတော်မှ တိုင်းရင်းဆေးကဏ္ဍကို စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး ချီးမြှင့်ငွေများကိုလည်း တိုးမြှင့်ပေးထား

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း သည်  တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်း က လှိုင်သာယာ စက်မှုဇုန်ရှိ Fame Pharm-aceuticalsစက်ရုံသို့ ရောက်ရှိပြီး ကုန်ကြမ်း သိုလှောင်ခန်း၊ အရည်အသွေးထိန်းချုပ်ခန်း၊ ဓာတ်ခွဲခန်းနှင့် ဆေးဝါးများ ထုတ်လုပ်နေမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေးခဲ့ရာ

တိုင်းရင်းဆေးဝါးများသည်  ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုတွင်   တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့်အတွက် တိုင်းရင်းဆေးဝါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသလို၊   အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်   ကုန်ကြမ်းပစ္စည်း အရည်အသွေးသည်  အထူးအရေးကြီးတာဖြစ်ပြီး၊    နိုင်ငံတကာသို့ ထုတ်ကုန်များတင်ပို့ရာတွင်    အရည်အသွေးပိုင်း အထူးကြီးကြပ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး  အလုပ်သင်တိုင်းရင်း ဆေးဆရာများ၏  ချီးမြှင့်ငွေကိုလည်း တိုးမြှင့်ပေးထားကြောင်း၊ ထုတ်လုပ်ရောင်းချမှု အဆင့်တိုင်းတွင်  သိပ္ပံနည်းကျ သုတေသနများ ပြုလုပ်သွားရန် လိုအပ်ပြီး ရရှိလာသည့် သုတေသနရလဒ်များပေါ် မူတည်၍ ထုတ်ကုန်များကို အဆင့်မြှင့်သွားရမည်ဖြစ်ကြောင်း၊  Evidence based, Document based ဖြစ်ရန်လိုကြောင်းပြောကြားခဲ့ပါတယ်။