နတ်တလင်းအကြမ်းဖက် PDF စခန်းအားဝင်ရောက်ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)နတ်တလင်းမြို့နယ် အောက်သစ်လုံးကျေးရွာအနီး pdf အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားမှုမရှိစေရန်အတွက် လခရတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် အေပြီလ ၁ ရက်နေ့ ၊ နံနက်ပိုင်းတွင် pdf အကြမ်းဖက်သမားများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ_

အကြမ်းဖက် pdf များထံမှ

လက်လုပ်စိန်ပြောင်း ၁ လက်
လက်လုပ် ၄၀ မမ ၁ လက်
လက်လုပ်ဗုံးသီး ၄ လုံး
ကျည် ၂၀ တောင့်
လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး မိမိ လခရ တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်းသိရှိရသည်။