နည်းပြတန်ဟတ်နှင့် ဆက်ဆံရေး မပြေလည်ဖြစ်နေသည့် စီရော်နယ်ဒို လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်လျက်ရှိ

မန်ယူအသင်းနည်းပြ တန်ဟတ်နှင့် ဆက်ဆံရေး မပြေလည်ဖြစ်နေသည့် စီရော်နယ်ဒို အနေဖြင့် လာမည့် ဇန်နဝါရီ  ကစားသမား အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါတယ်။

ယခုဘောလုံးရာသီ အစပိုင်းက  အသင်းနှင့်ရာသီ  ကြိုလေ့ကျင့်ခန်း ပူးပေါင်းရန် ပျက်ကွက်ခဲ့သည့် စီရော် နယ်ဒိုနှင့် နည်းပြတန်ဟတ်တို့သည် ဆက်ဆံရေးမပြေ လည်မှုများရှိနေပြီး စပါးအသင်းနှင့်မန်ယူအသင်းတို့ ပွဲစဉ်တွင် ပွဲမပြီးဆုံးမီ ကွင်းအတွင်းမှ ထွက်ခွာခဲ့သည့် အတွက် နည်းပြ တန်ဟတ်နှင့် စီရော်နယ်ဒိုတို့ဆက်ဆံ ရေးမှာ ပိုမိုတင်းမာလာကြောင်းသိရှိရပါတယ်။

စပါးအသင်းနှင့် ပွဲစဉ်အပြီးတွင် နည်းပြတန်ဟတ်က စီရော်နယ်ဒိုကို  အသင်းနှင့်  လေ့ကျင့်ခန်းလုပ်ဆောင် ခွင့်ပိတ်ခဲ့ပြီးနောက်  စီရော်နယ်ဒိုအနေဖြင့် လာမည့် ဇန်နဝါရီကစားသမား   အပြောင်းအရွှေ့ ကာလတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း ပိုင်ရှင် တော့ဘိုလီက ပြီးခဲ့သည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလကတည်း က စီရော်နယ်ဒိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ထိုစဉ်က နည်းပြတူချယ်လ်နှင့်  သဘောထား မတိုက်ဆိုင်သည့် အတွက် မအောင်မြင်ခဲ့သော်လည်း ယခုအခါ တော့ဘို လီကိုယ်တိုင်က စီရော်နယ်ဒိုကို အသင်းထံ ခေါ်ယူလို နေကြောင်း သိရှိရပါတယ်ရှင်။