ဓာတ်အားလိုင်းကြိုးပြတ်ကျမှုများတွေ့ရှိပါက Hot Line No (1717) သို့ အမြန်ဆုံးဆက်သွယ်ရန် ကြေညာ

Cyclone (MOCHA) မိုခါ မုန်တိုင်းတိုက်ခတ်နေစဉ်ကာလနှင့် မုန်တိုင်းတိုက်ခတ်ပြီးစဉ်ကာလအတွင်း မုန်တိုင်းအရှိန်ကြောင့် သစ်ပင်ပြိုလဲမှု၊သစ်ကိုင်းကျိုးကျမှု နှင့် ဓာတ်အားလိုင်းကြိုးပြတ်ကျမှုများ ဖြစ်ပွားနိုင်ပါသည်။ ဓာတ်အားလိုင်းကြိုးပြတ်ကျမှုများတွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုလုပ်ကြပါရန်နှင့် မိမိသက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ၊YESC Call Center Hot Line No (1717) သို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြားထားပါတယ်။