ဒန်နီအဲလ်ဗက်စ် ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံရ

ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ဘာစီလိုနာရှိ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ရာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် (၄)နှစ်ခွဲအထိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အဲလ်ဗက်စ်ဟာ နစ်နာသူအမျိုးသမီးဘက်ကိုလည်း နစ်နာကြေးအဖြစ်ယူရို ၁၅၀၀၀၀ ထိပေးဆောင်သွားရမယ်လို့ သိရပါတယ်။

ဘာစီလိုနာအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားခဲ့သူ အဲလ်ဗက်စ်ဟာ ဘရာဇီး လက်ရွေးစင်အသင်း အတွက်လည်း ၁၂၆ ပွဲကစားခဲ့ပြီး ဆုဖလား စုစုပေါင်း ၄၁ လုံးအထိ ရရှိခဲ့သူဖြစ်ပါတယ်။