တူပျော်ဆင်နွှဲ တပ်မွေးနေ့ပွဲ

တပ်မတော်မှာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကိုယ်အဖွဲ့အစည်းစတင်တည်ထောင်တဲ့ နေ့လေးတွေကို နှစ်ပတ်လည်နေ့လို့ ပြောကြသလိုပဲ တပ်မတော်မှာလည်း မိမိတို့တပ်ရင်း စတင်ဖွဲ့စည်းတဲ့နေ့ကို တပ်မွေးနေ့ဆိုပြီး ခေါ်ဆိုကြပါတယ်။ ခြေလျင်/ခြေမြန်တပ်ရင်းတွေမှာ တပ်မွေးနေ့ရောက်ပြီဆိုရင် ငယ်ငယ်က အရမ်းကို ပျော်ရတာ။ ကိုယ်တွေခလေးတွေအကြိုက်ပြိုင်ပွဲတွေက အများကြီပဲ…မပျော်ပဲ ဘယ်နေနိုင်မလဲ…ကိုယ်တွေခလေးတွေမှ မဟုတ် စစ်သည်တွေ/ရဲမေတွေကပါ တပ်မွေးနေ့ပြိုင်ပွဲအတွက် မရောက်ခင်ကတည်းက ကြိုတင်လေ့ကျင့်နေကြတာ ပြိုင်ပွဲအတွက်..ဒီလိုပြိုင်ပွဲတွေ လွပ်လပ်မှုတွေ ပျော်ပွဲရွင်ပွဲတွေနဲ့ ရိုးရာဓလေ့ထိမ်းသိမ်းမှုတွေက တပ်မတော်မှာသာ ကျန်ရှိနေတော့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်ရင်းရဲ့ တပ်မွေးနေ့မှာ စစ်သည်/ရဲမေ/မိသားစုဝင်များ ပျော်ရွင်စွာပါဝင်ဆင်နွှဲနေတဲ့ ပုံရိပ်လေးများပဲဖြစ်ပါတယ်..