တိုက်ပွဲသတင်း

ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာအနီး လုံခြုံရေးတပ်ဖွဲများနှင့် KNDF ၊ PDF ပူးပေါင်းအင်အား ၅၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ-

PDF များထံမှ Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲဝင် ၂ ဦးကျ၊ ၂ ဦး ထိခိုက်ဒဏ်ရာရ။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြောက်ပေကုန်းကျေးရွာအတွင်းမှ PDF ၂၀ ဦးခန့်က လက်နက်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

PDF များထံမှ လက်လုပ် ၄၀ မမ ၁ လက် သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် စိုင်နိုင်ကွေ့စခန်းအား PDF ၁၀ ဦးခန့်က လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

PDF များ ထံမှ အမ်(၂၂) ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၀ တောင့်၊ ပြောက်ကျားယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့။