တရားမဝင်အလှအပခွဲစိတ်ဆေးခန်းကိုဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြိုနယ်၊ အမှတ် (၂၄/C)၊ နတ်မောက်ရိပ်သာလမ်း ၊ ဆရာစံရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Saigon Beauty Skin & Luxury Clinic လုပ်ငန်းကိုနိုဝင်ဘာလ ၁၆ ရက်နေ့တွင်သက် ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးရာတရားမဝင် ခွဲစိတ်ကုသနေပြီးတရား မဝင်ဆေးများသုံးခဲ့သည်ကိုတွေ့သဖြင့် ဖမ်းဆီးအရေးယူလိုက် ကြောင်းသိရသည်။

အဆိုပါဆေးခန်းသည် (၁၄-၁၁-၂၀၂၃) ရက်နေ့တွင် လူမူကွန်ယက်၌ Aesthetic လုပ်ငန်းများဖြစ်သော နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ် ကုသမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ကြော်ငြာထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးကုသ ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ မြိုနယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြိုနယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် မြိုနယ်စည်ပင် သာယာရေးအဖွဲမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင် စင်မရှိသည့် ဗီယမ်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားဆရာဝန် တစ်ဦးတိုပါဝင်သောအဖွဲမှ တရား မဝင်ခွဲစိတ်ကုသခြင်း၊ တရားမဝင် ဆေးဝါးများအသုံးပြုခြင်းများ အားတွေ့ရှိရသဖြင့် အဆိုပါ Saigon Beauty Skin & Luxury Clinic လုပ်ငန်းအား မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိကကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ ဥပ‌ဒေများဖြင့်မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ ဗဟန်းမြိုနယ်ရဲစခန်း တွင် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။