တရားမဝင်သစ်မျိုးစုံ၊ ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက်တွင် ကရင်ပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်လေးစီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Golden Mountain ခရုဆီ ၁၀၀၀ ကီလိုဂရမ်၊ Lactasoy ပဲနို့ဘူး ၃၆၀၀၀၊ DURO ဆိုင်ကယ်တာယာ အလုံး ၂၀၀၊ Polyester Fabric ၈၅၀၀ ကီလိုဂရမ်၊ GI Hollow Pipe ၁၅၀၀၀ ကီလိုဂရမ်၊BT Speaker အလုံး ၁၀၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck နှစ်စီး၊ MAN Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် နှစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ
ကျပ် ၃၀၃,၂၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါင်းတည်မြို့ မင်းကွက်(၃)ရပ် ကွက် ကြယ်ငါးပွင့် ဆန်စက်ရှေ့၌ လိုင်စင်မဲ့ JN အမျိုးအစားထော် လာဂျီ တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌
တရားမဝင် ကျွန်းသစ် သုည ဒသမ ၈၇၈ တန်နှင့် အခြားသစ် ၃ ဒသမ ၂၇၆ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၀၇၁၃၀၆ ကျပ်)ကို သစ်တောဥပဒေအရလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၂,၅၇၁,၃၀၆ ကျပ်ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း
အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား
တင်ပြနိုင်ခြင်း မရှိသည့် Power Cable ၁၅၀၀၀ ကီလိုဂရမ်၊ Bridge-stone Tubeless ကားတာယာ အလုံး ၁၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ်
၂၄၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင် ဆောင်လာသည့် Isuzu Giga Truck တစ်စီး၊ Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၆,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၀၀၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

     သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေ ၆၃၆,၇၇၁,၃၀၆ ကျပ်)ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။