တပ်မတော်(ရေ) မှ ကယ်ဆယ်ရေးဆောင်ရွက်ပေး

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင်
အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်
အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တိုသည် ဇောတိက
စီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်းဖြတ်သန်း
လာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်
အကွာသိုအရောက်၌ ဘင်္ဂါလီလူမျိုးမျာတင်ဆောင်လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါး
ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်များသို သတင်းပေးပိုလာခဲ့သည်။

သတင်းရလျင်ရချင်း တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် စစ်ရေယာဉ်(အနော်ရထာ)အား စေလွှတ်ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီ
ခန့်တွင် မြိတ်မြို၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့
ပြီး ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦး
တိုအား စစ်ရေယာဉ်ပေါ်သို လွှပြောင်းတင်ဆောင်၍လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ
ဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ကျွေးမွေး ခေါ်ဆောင်လာခဲ့သည်။

အထက်ပါ ဘင်္ဂါလီလူမျိုးများအား မြိတ်မြိုအနောက်မြောက်ဘက် ၈.၅ မိုင်ခန့်အကွာတွင်
ကျောက်ချရပ်နား၍ မြိတ်မြိုနယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင်သော အဖွဲစုံဖြင့် ရေယာဉ်
ပေါ်၌စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါဘင်္ဂါလီလူမျိုးများသည် ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ကနဦးမေး
မြန်းချက်အရ ၎င်းတိုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းများမှ
ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းအတွင်း လူဦးရေများပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့်စားနပ်ရိက္ခာမ
လုံလောက်ခြင်းတိုကြောင့် အင်ဒိုနီးရှားနိုင်ငံသိုသွားရောက်ရန်အတွက် လိုက်ပါလိုသူမိသားစုများ
ထံမှတာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ၁ စီး ဝယ်ယူခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင်
အဆိုပါစက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတိုတွင် ကုလ
သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(United Nations High Commissioner for
Refugees – UNHCR)မှ ထုတ်ပေးထားသည့်ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိကြောင်း၊
ဒီဇင်ဘာ ၇ ရက်တွင် လှေအတွင်းသို ရေများဝင်ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38
ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေပေါ်ပါသူအားလုံး အသက်ရှင်လျက်ရှိကြောင်းသိရှိရသည်။

ဘင်္ဂါလီလူမျိုးများအား မြိတ်မြိုနယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင် သောအဖွဲစုံဖြင့် စစ်ဆေး
မေးမြန်းမှုများ ဆောင်ရွက်ပြီးပါက စစ်တွေမြိုသိုဆက်လက် ပိုဆောင်၍ သက်ဆိုင်ရာနိုင်ငံသို ပြန်
လည်လွှပြောင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်
ပါသည်။