တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လျှပ်စစ် မီးပြတ်သည့်သတင်းတုများ ထုတ်လွှင့်

ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ရမ်းဗြဲစသည့်မြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေသည်ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တပ်မတော်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုမရှိကြောင်း၊ AA သောင်းကျန်းသူအဖွဲ့မှ တပ်မတော်၏ တပ်၊ စခန်းရှိရာနေရာများသို့ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များအသုံးပြုတိုက်ခိုက်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများပေါ်သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများရှိကြောင်း သိရှိရ ပါသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများကို နေ့စဉ်ထုတ်လွှင့်လျက်ရှိပြီး တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် သတင်းမှားများ ဖန်တီးရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

PAN