တပ်မတော်ထောက်ခံအယောင်ဆောင်ပူးသတ် အကောင့်(Account) များသတိထား

တပ်မတော်ထောက်ခံသူအယောင်ဆောင် စတဲ့စစ်သားနာမည်လိုလို မျိုးချစ်နာမည်လိုလိုနဲ့ ခုတစ်လောလိုင်းပေါ်မှာ ပေါများလာတယ်။ ပထမကတော့ သူတို့ Acc ထဲ မှာ တပ်ထောက်ခံသူ တပ်သတင်းတင်တဲ့သူတွေကို စုပြီးတော့တိုက်ပွဲသတင်းယောင်ယောင် ဘာယောင်ယောင်တင်ပြီးတော့ တပ်မတော်ကခံရရင် စိတ်ဓာတ်ပျက်ပြားစေမယ့်အရေးအသားတွေရေးတင်နေကြတယ်။ တပ်ကမနိုင်တော့ဘူးလား အဘဘာလုပ်နေလဲဆိုပြီးစတဲ့ တပ်အကြီးအကဲတွေဝေဖန်တယ် သောင်းကျန်းသူကိုအဖေခေါ်ပြီးတော့ ဆိုက်ဝါးထည့်နေတဲ့ ပူးသတ်များသတိထားကြမိမိ Acc ကိုပြန်စစ်ကြပါ။ Social Media မှာသောင်းကျန်းသူတွေကတန်ပြန်ဆိုက်ဝါးတွေထည့်နေကြတာသတိထားမိကြမှာပါ။
ဒါကြောင့်ခုနောက်ပိုင်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေကြတဲ့တစ်ဖက်ရန်သူတွေဟာ စစ်တိုက်တာနည်းနည်းမိမိအဖွဲ့အစည်းဘက်ကစိတ်ဓာတ်ကျပြီးတိုက်ပွဲဝင်ချင်စိတ် မရှိအောင် မီဒီယာတိုက်ပွဲဆင်နွဲနေကြလာပါတယ်။ သတင်းတစ်ပုဒ်ဟာလူတစ်ယောက်အတွက် အင်မတန်အရေးကြီးပါတယ် ဒါကြောင့်တပ်မတော်အသုံးဆောင်ပုံတွေ စစ်သားနာမည်နဲ့ Acc တွေ အတော်များများဟာ မိမိတို့အထဲကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖို့အတွက် စိမ့်ဝင်နေတဲ့ Virusတစ်ခုပါ သတိရှိကြပါ။

Kyaw Win Maung