ဈေးကွက်မပိတ်ခင် အားကစားသမားများ ထပ်မံခေါ်ယူဦးမည့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းသည် နည်းပြ ပိုချက်တီနိုကို ခန့်အပ်ခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်လျက်ရှိရာ ယခုနွေရာသီတွင် ကစားသမားသစ်(၁၁)ဦး ခေါ်ယူထားပြီး ဖြစ်သည်။ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၇၀) ဝန်းကျင် သုံးစွဲထားပြီးဖြစ်သော်လည်း ကစားသမားရောင်းချမှုမှ ပေါင်သန်း(၂၂၀)ဝန်းကျင် ပြန်လည်ရရှိခဲ့သည့်အတွက် အသားတင်အသုံးစရိတ်မှာ ပေါင်သန်း(၁၅၀)ဝန်းကျင်သာ ရှိပါတယ်။

Daily Mail ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ကစားသမားများမှာ အာဆင်နယ်အသင်းမှ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုး၊ ဘာစီလိုနာအသင်းမှ စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်နှင့် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာတို့ဖြစ်ကြောင်း သိရသည်။

ယင်းကစားသမားများမှာ လက်ရှိအသင်းများတွင် ပုံမှန်နေရာရရှိရန် ရုန်းကန်နေရသူများဖြစ်သောကြောင့် ချယ်လ်ဆီးအသင်း ကမ်းလှမ်းခဲ့ပါက လက်ခံစဉ်းစားဖွယ်ရှိနေကြောင်း သိရသည်။