ဆီဖြည့်စဉ်ဖုန်းမပြောရဆိုတာ ဘာကြောင့်လဲ

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ အမှတ်(၅) ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်(၁၅)ရှိ Farmer စက်သုံးဆီဆိုင်ရှိ ဆီသိုလှောင်ကန်အတွင်းသို ဆီသယ်ယာဉ်မှ 92 မျိုးအစား ဓာတ်ဆီဖြည့်သွင်းနေစဉ် ဖုန်းပြောခဲ့သည့်အတွက် မီးလောင်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုကြောင့် ဖုန်းအသုံးပြုသူ မောင်သန်းထွန်းအောင် (၂၀) နှစ် (အလုပ်သမား) နိုင်သာယာကျေးရွာနေသူအား မီးလောင်ကျွမ်းဖြစ်ပေါ်ကာ သေဆုံးခဲ့ကြောင်းသိရသည်။