ဆီဆိုင်မြို့ဝန်းကျင် အခြေအနေ

PNLA ခွန်ဥက္ကာအဖွဲ့ဟာ ကိုယ့်လူမျိုး၊ ကိုယ့်ရပ်ရွာကို ကာကွယ်ရမယ့်အစား ကိုယ်ဒေသကို ဖျက်ဆီးမယ့် ကယားအကြမ်းဖက် KNDF တွေကို ခေါ်သွင်းပြီး စစ်မီးရှို့လိုက်တဲ့အတွက် ဆီဆိုင်မြို့နယ်ထဲက အချို့ကျေးရွာတွေမှာ စစ်ရဲ့ဆိုးကျိုးကို ခံစားနေကြရပါပြီ။ ဒေသခံတွေကလည်း PNLA ခွဲထွက် ခွန်ဥက္ကာကို ရွံရှာမုန်းတီးနေကြပါတယ်။

အခုဆိုရင် ပအိုဝ်းဒေသခံတွေဟာ PNLA/KNDF သကသအဖွဲ့ရဲ့ လှုပ်ရှားသတင်းတွေကို သူတို့ပိုမိုယုံကြည်တဲ့၊ ကာကွယ်ပေးနေတဲ့ PNO အဖွဲ့တွေကို တောက်လျောက် သတင်းပေးပို့နေပါတယ်။ ယခုလို သတင်းရရှိမှုများကြောင့် တပ်မတော်နဲ့ PNO အဖွဲ့တွေပူးပေါင်းပြီး KNDF/PNLA သူပုန်များကို ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့ပါပြီ။

ပိတ်ဆို့ခံထားရတဲ့ KNDF/PNLA သူပုန်များ အသက်ရူချောင်စေဖို့အတွက် ဆီဆိုင်မြို့ရှိ အချို့နေရာမှာ အဝေးက နှောင့်ယှက်ပစ်မှုတွေနဲ့ ယောင်ပြလုပ်နေကြောင်း သိရှိရပါတယ်။

#တိုက်ပွဲသတင်းစုံ