စလင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအတုရေး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာကို စစ်တပ်က မီးရှို့သည့်အတွက် ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားကြောင်း စလင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။ ဩဂုတ်လ ၁၈ ရက် နေ့ မွန်လွဲပိုင်းတွင် ကျွဲဦးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် ၁၅၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း စလင်း ပကဖတာဝန်ခံ ဗိုလ်ပျံလွှားက ပြောသည်။ “စစ်ကြောင်းထိုးပြီး ရွာထဲမဝင်ခင် တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ရွာထဲကိုဝင်ပြီးမီးရှို့တယ်။ ရွာအဖျားက အိမ်တွေကို အရင်ရှို့ပြီး တောအစပ်မှာ ခိုနေတာ။ ကျနော်တို့ ဝင်ပြီးမီးငြှိမ်းတော့ သူတို့ပြန်ရောက်လာပြီး နောက်ထပ် တိုက်ပွဲဖြစ် တယ်။ အဲ့ဒါလည်းပြီးရော ရွာထဲက အိမ်တွေအကုန်မီးရှို့သွားတာ” ဟု ၎င်းက ဆိုသည်။ “ သူတို့တလမ်းလုံးလည်း မိုင်းမိလာတာ။ ရွာထဲက တိုက်ပွဲမှာလည်း ကျတော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဦးအောင်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒဏ်ရာရသူတွေကို ဖောကားနဲ့ လာသယ်ရတယ်လို့ သိထားတယ်။ ၃၀ လောက်ထိခိုက်ဒဏ်ရာ ရသွားပြီး အဲဒီထဲက ၂၀ လောက်သေတယ်လို့ ကြားတယ်ဟု Mizzima မှ သတင်းမှားရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၁၈ ရက်နေ့၌ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ရွားကိုလည်း မီးရှို့ခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Mizzima မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာကို မီးရှို့ပါတယ်ဆိုပြီး ပြည်သူများ အထင်မှားအောင် မပုတ်ချကာ မဟုတ်မမှန် လုပ်ကြံပြီး ရေးသားထားခြင်းသာ ဖြစ်ပါတယ်။