တပ်စခန်းကို သိမ်းပိုက်ပြီး စစ်သား ၅ ဦးသေတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ဖားကန့်မြို့နယ်၊ ပန်းတင်တံတားရှိ စစ်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း ၆ မှ ဝင်ရောက်တိုက်ခိုက်ရာ ၂ နာရီ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Khit Thit မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၁ ရက်နေ့ ဖားကန့်မြို့နယ်၊ ပန်းတင်တံတားရှိ စစ်တပ်စခန်းကို KIA တို့မှ လက်နက်ကြီးဖြင့် အဝေးမှ ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်သာရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စခန်းအားသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်း ပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကိုအပုတ်ချကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေတယ်၊ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စိတ်ကုးပုံဖော်လိမ်ညာရေးသားထားခြင်းဖြစ်ပါသည်။

Disinformation

FACT-CHECK