စက်တင်ဘာလ ၃ ရက်နေ့ မှုခင်းသတင်းများ

စက်တင်ဘာလ ၂ ရက်နေ့ ၀၅၃၀ နာရီတွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာသို့ PDF အကြမ်းဖက်သမား ၂၅ ဦးခန့်သည် လက်နက်ငယ်များ ကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ချပ်သင်းကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး ဦးချစ်ငွေ(၆၈)နှစ်၊ ဦးစန်းမြင့်ဦး(၅၀)နှစ်၊ ဦးပွဲမောင် (၅၇)နှစ်၊ ဦးမောင်ထူး (၅၀)နှစ်တို့အား ဖမ်းဆီးကာ ချပ်သင်းဘေးမဲ့တောဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

စက်တင်ဘာလ ၂ ရက်နေ့ ၀၉၄၀ နာရီတွင် လုံခြုံရေးပူပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ် ဇလုပ်ကြီးချောင်းအနီး တောစပ်အရောက်၌ မသင်္ကာဖွယ် ကျား ၂ ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရန် ခေါ်ယူစဉ် လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် ၂ ဦးသေဆုံးပြီး လက်လုပ်ပစ္စတို ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့။

စက်တင်ဘာလ ၂ ရက်နေ့ ၀၇၄၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ဦးမော်ကြီး(၆၂)နှစ်သည် ကန်သာယာရပ်ကွက်ရှိ စိန်မေတ္တာလက်ဖက်ရည်ဆိုင်မှ ဆိုင်ကယ်ဖြင့် ကန်သာယာရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှ ပစ္စတိုဖြင့် ၄ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမော်ကြီးသေဆုံးသွားခဲ့ပြီး လမ်းဘေးတွင် ဈေးရောင်းနေသော ဒေါ်ဌေးဌေး(၆၅)နှစ် တွင် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့။

စက်တင်ဘာလ ၂ ရက်နေ့ ၂၀၀၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာနေ ဦးမျိုးကိုကို(၃၀)နှစ်၏ စာသောက်ဆိုင်အတွင်း၌ တစ်ရွာတည်းနေ ဦးမျိုးသန့်(၁၉)နှစ်နှင့် ဦးမိုးကိုကို(ခ)မိုးမိုး(၃၀)နှစ်တို့ရောက်ရှိနေစဉ် PDF အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာ၍ သေနတ်ဖြင့် ၉ ချက်ခန့်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမိုးကိုကိုနှင့် ဦးမျိုးကိုကိုတို့သေဆုံးသွားခဲ့ပြီး ဦးမျိုးသန့်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

စက်တင်ဘာလ ၂ ရက်နေ့ ၀၀၂၀ နာရီတွင် အုတ်တွင်းမြို့နယ်၊ မျက်နီကွင်းကျေးရွာသို့  PDF အကြမ်းဖက်အဖွဲ့အင်အား ၇၀ ဦးခန့်သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးဇော်မင်း(၅၂)နှစ်၊ ညီဖြစ်သူ ဦးနိုးတူး(၄၄)နှစ်နှင့် ညီမဝမ်းကွဲတော်စပ်သူ ဒေါ်ကြူမာ(၅၀)နှစ်တို့ ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးနိုးတူးအား လှေဆွဲမြောင်းကျေးရွာထိပ်သို့ ရောက်ရှိစဉ် ပြန်လည်လွှတ်ပေးခဲ့၍ကျန်သူတို့အား ထန်းတပင်မြို့နယ်၊ ငါးဆီးလောင်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရ။

စက်တင်ဘာလ ၂ ရက်နေ့ ၁၁၅၀ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်ရှိ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးသို့ အကြမ်းဖက်သမား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည့်အတွက် ရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရ။