ငလျင်သတင်း

ဒီဇင်ဘာလ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၁)မိနစ်၊ (၁၇) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုကောင်းမြို့၏ အနောက်တောင်ဘက် (၁၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၁၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၇၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးဇလမှ သတင်းထုတ်ပြန်ထားပါတယ်။