ချော့သိပ်တတ်သူကြီး

တပည့်ကျော် ထွန်းမောင်တို့ ခိုင်းထားတာ ပြီးပြီလားကွ´ ဟုတ်ကဲ့ အဘ ပြီးပါပြီ၊ နွားတွေလည်း အစာဝလို့၊
ဆိတ်တွေလည်း ခြံထဲပြန်ထည့်ပြီးပါပြီ အဘ´
ထွန်းမောင်နဲ့ ဘရန်ဆိုင်း ပြောမှ ပေါင်းစည်းတာဝန်ခံ CSM ကြီး ဟင်း ချနိုင်တော့သည်
အေးပါ တပည့်တို့ ကျေးဇူးလည်းတင်တယ်၊ မင်းတို့ ခိုင်းရမှာလည်း ဆရာကြီး လန့်သွားပြီကွယ်´ ထိုအချိန် ထွန်းမောင် တစ်ယောက် မျက်မှောင်ကုတ်ပြီး ဆရာကြီးကို ပြန်မေးလေသည် ဘာဖြစ်လို့လဲ အဘရ သားတို့ ဘာမှ မလုပ်ပါဘူး
အဘ ခိုင်းထားတဲ့ အတိုင်း သေချာလုပ်ပါတယ်´
အေးပါ မင်းတို့ ဘာမှမလုပ်ပါဘူး၊ မင်းတို့ လုပ်တာ မင်းတို့ပဲ သိတယ်´ ခေါင်းကို ဆက်ဆက်ခါရမ်းပြီး ထွန်းမောင်နဲ့ ဘရန်ဆိုင်း ငြင်းနေလေသည် ဒီမှာ ထွန်းမောင် မင်းဆိတ်ကျောင်းတဲ့ အချိန်ဘယ်မှာလဲ´
ဆိတ်အုပ်နောက်လိုက်နေတာလေ အဘ´ အေး ဆိတ်အုပ်နောက်လိုက်ရင် မင်းဘာလုပ်လဲ´
ဟိုလေ အဲ၊ လိုင်းခန်းဖက် ရောက်တုန်း ဆရာမိုးမြင့် သမီးလေး လှလို့ ငေးနေတာ အဘ´ ငါလခွီး မင်းအဲ့လို ငေးလို့ မင်းကျောင်းတဲ့ ဆိတ်တွေ
သူများအိမ်က စိုက်ခင်းကို ဝင်စားနေတာ မင်းမှ မသိတာ၊ ငါကို အကုန်တိုင်လိုက်တယ်ကွ´
ဟုတ်ကဲ့ အဘ၊ သားတို့က လူပျိုလေ အဘ´ ကဲ ဒီကောင် ငါဆဲလိုက်ရ မကောင်းဖြစ်တော့မယ်´
နောက်ပြီး ဟိုကောင် ဘရန်ဆိုင်း´ နွားမကျောင်းပဲ နွားကို တိုင်မှာချည်ပြီး မူးနေတဲ့ ဘရန်ဆိုင်း မျက်လုံးရဲရဲနီနဲ့ ပြန်ဖြေလေသည် ဟာ အဘရာ သားအေးဆေး နွားကျောင်းတာပါ
ဟိုကောင် ငမွှေထိုး ထွန်းမောင်လို့ ပြဿနာ မရှာပါဘူး´
ထိုအချိန် CSM ကြီးက ဒေါကြီးမောကြီးနဲ့ ပြန်ပြောလေသည်
မင်းကသာ အေးဆေးနွားကျောင်းတယ်ပြောတာ၊ မင်း သက်သာဆိုင်က အရက်ခိုးဝယ်ပြီး နွားစာခွက်ထဲ အရက်ထည့်ပြီး နွားတွေကို လယ်ကွင်းပြင်ဖက်မှာ ကြိုချည်ထားတာလေ´ ဟာ အဘရာ သူတို့လည်း အစာလည်းဆေး
ဆေးလည်းအစာဆိုပြီး ကြွေးလိုက်တာပါ၊ အဘ နွားတွေ ဒီနေ့ အိပ်လိုက်တာမှ သိုးလို့´
တော်တော် မင်းတို့ ၂ ကောင်ပြန်တော့´ စကားမဆုံးသေးဘူး ဟုတ်ကဲ့ ဆိုပြီး ပေါင်းစည်းလယ်ကနေ အကြပ်/စစ်သည်ရိပ်သာကို တန်းခနဲ့ ပြန်သွားလေရဲ့ ရိပ်သာပြန်ရာလမ်း လိုင်းခန်းကို ဖြတ်လျှောက်ချိန် တပ်ကြပ် မိုးလွှေ အိမ်က ‘ရဲရဲတောက်တို့ မြန်မာတွေ သတ္တိခဲတွေ ရာဇဝင်ထွန်းလောက်အောင်စွမ်းပေ တို့တိုင်းတို့ပြည်´ စစ်သီချင်းကြားလိုက်ရတဲ့ ထွန်းမောင်နဲ့ ဘရန်ဆိုင်း တပ်ကြပ် မိုးလွှေအိမ်ဖက်ကို စကားလှမ်းပြောလေသည်
ဟာ မိုးလွှေ စစ်သွေးစစ်မာန်တွေ တက်ကြွလှချည်လား´ ငမွှေထိုး ၂ ကောင် မင်းတို့ ဘာဂြိုလ်မွှေအုံး မလို့လဲ´
မမွှေပါဘူး ဆရာရာ ဆရာရဲ့ စစ်သွေးစစ်မာန် တက်ကြွနေမှုကို လေးစားလို့ပါ´ လေးစားမနေနဲ့ မင်းတို့ ပထွေး၊ ငါသားလေး အိပ်ဖို့ချော့သိပ်နေတာ၊ သီချင်းသံနားထောင်ပြီး လက်ကားယား ခြေကားယားနဲ့ မအိပ်ဘဲ နေလို့ ဘူနေတာ´
သြော် ဆရာရယ် ကလေးချော့သိပ်တာ စစ်သီချင်းနဲ့ ချော့သိပ်ရတယ်လို့´ တော် မင်းတို့ ၂ ကောင်´
ထွန်းမောင်နဲ့ ဘရန်ဆိုင်း ဆက်ပြောရင် အဆဲခံရမှာ ကြောက်လို့
တစ်ခွီးခွီး ရယ်ပြီး ရိပ်သာဖက် ဦးတည်၍ ပြန်သွားလေသည်။

CRD#MgBhone